karaweik-gold-mono-coat

Karaweik Gold Mono Coat

မင်္ဂလာပါရှင်?

ယခုလို ဝါတွင်းအချိန်ကာလလေးမှာ ရွှေဆေးသင်္ကန်းကပ်လှူလိုသူများနှင့် သာသနာ့ဗိသုကာ လက်ရာအရပ်ရပ်တို့တွင် ရွှေရောင်အလှဆင်လိုသူများအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်နော်…✅✅

ဘယ်လိုမျိုးသတင်းကောင်းလေးလည်းဆိုတော့ သုံးစွဲသူလူကြီးမင်းတို့အတွက် အောက်ခံဆေးကိုအသုံးပြုစရာမလိုပဲ လွယ်ကူအဆင်ပြေစွာဖြင့်အသုံးပြုနိုင်ရန် ယူပီဂျီမှ ၁၀၀ ရာခိုင်နှုန်း အခရိုက်လစ်ချုပ်ဆေးသုံး ရွှေရောင်ရေဆေးဖြစ်တဲ့ Karaweik Gold Mono Coat လေးကိုအသစ်ထပ်မံ ထုတ်လုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ရှင်။

Karaweik Gold Mono Coat လေးဟာဆိုရင် အင်္ဂတေ၊ အုတ်၊ ပလာစတာ၊ နံရံကပ်ဘုတ်ပြားအမျိုးမျိုးနှင့် သစ်မျက်နှာပြင်တို့အထက်တွင်အသုံးပြုနိုင်ရန် အထူးထုတ်လုပ်ထားတဲ့ ရွှေရောင်ရေဆေးလေးပဲဖြစ်ပါတယ်။

ယခုလို မိုးများပြီးပူနွေးသော မြန်မာ့ရာသီဥတုတွင်လည်း အသုံးပြုရန်အထူးသင့်လျှော်ပါတယ်။

လှပဝင်းလက်သော ရွှေရောင်အဆင်းရှိခြင်း၊ ဆေးသားဖုံးကွယ်မှုနှင့် စွဲကပ်အားအလွန်ကောင်းမွန်ခြင်း၊ မှို၊ ရေညှိ၊ ဖားဥနှင့် ညိုမဲစွဲခြင်းတို့ကိုကောင်းစွာခံနိုင်ရည်ရှိခြင်း၊ ရာသီဥတုဒဏ်ကို(၅)နှစ်ကြာခံနိုင်ရည်ရှိခြင်း နှင့် အောက်ခံဆေးသုံးစွဲရန်မလိုအပ်ခြင်းတို့ကြောင့် လူကြီးမင်းတို့အတွက် လွန်စွာမှသုံးစွဲရန်အဆင်ပြေစေမည့် ရွှေရောင်ရေဆေး ဖြစ်သည့်အတွက် နီးစပ်ရာ ယူပီဂျီအရောင်းဆိုင်များတွင် ဝယ်ယူအားပေးနိုင်ပြီဖြစ်ပါကြောင်း အထူးသတင်းကောင်းပါးလိုက်ပါတယ်ရှင်။



No. 237, Pyay Road, Shin Saw Pu Ward,
Sanchaung Township, Yangon, Myanmar.
 
+95 9 880 579 425, +95 9 880 579 426,
+95 9 773 154 590, +95 9 963 443 943,
+959 960 840 144
 
info@upgpaint.com
 
Facebook (Home)
Facebook (For Projects)
Instagram