upg reward program

UPG REWARD PROGRAM

UPG Paint & Coating Co., Ltd.
UPG Reward Program လက်ဆောင်ချီးမြှင့်ရေးအစီအစဉ် နှင့် Member ဆိုင်ရာသတ်မှတ်ချက်များ
Version-1

၁။ မိတ်ဆက်စကား

(က) UPG Reward Program အစီအစဉ်သည်သုံးစွဲသူများအတွက် လက်ဆောင်ချီးမြှင့်ခြင်း၊ ကုန်ပစ္စည်းဆိုင်ရာ အချက်အလက်များသတင်းပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းများကို ရရှိစေမည်ဖြစ်သည်။

(ခ) Member များဆိုင်ရာ သတ်မှတ်ချက်များ (Terms and Conditions) ကို ရှင်းလင်းဖော်ပြထားပါသည်။ Member ဆိုင်ရာ သတ်မှတ်ချက်များပြောင်းလဲမှုရှိလျှင် Reward Program တွင် အသိပေးအကြောင်းကြားပါမည်။

(ဂ) UPG ကုန်ပစ္စည်းများဆိုင်ရာအချက်အလက်များ၊သုံးစွဲမှုနည်းစနစ်များဖြန့်ချိပေးခြင်းနှင့်ရောင်းအားမြှင့်တင်ရေး ဆိုင်ရာသတင်းများ၊ ၀န်ဆောင်မှုပေးခြင်းဆိုင်ရာစသည့် သတင်းအချက်အလက်များကို UPG Reward Program တွင် ထုတ်လွှင့် ကြော်ငြာနေမည်ဖြစ်သည်။

(ဃ) UPG Reward Program အစီအစဉ်တိုးတက်ကောင်းမွန်စေရန် အကြံပြုချက်များကိုအမြဲကြိုဆိုလျက်ရှိပါသည်။

 

၂။ UPG Reward Program ကို မည်သူတွေ အသုံးပြုနိုင်သလဲ?

UPG နှင့်ပတ်သက်သည့် Stake holder များဖြစ်သည့် -

  • ဆောက်လုပ်ရေးလုပ်ငန်း Developer များ၊ လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများ၊
  • Architect ဗိသုကာများ ၊ Engineer များ
  • ကုန်ပစ္စည်းအဝယ်တော်များ
  • ဆေးသုတ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးသုတ်ဆရာများ၊ ဆေးသုတ်ဝန်ဆောင်မှုပေးသူများ
  • ပရိဘောဂလုပ်ငန်းများ၊ မြန်မာမှု/လက်မှုပညာလုပ်ငန်းများ
  • စက်မှုလုပ်ငန်းများ၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ကိုင်သူများ
  • ရေယာဉ်ပြုပြင်ခြင်း ဝန်ဆောင်မှုဆောင်ရွက်သူများ
  • သုတ်ဆေးနှင့်ကုန်မာပစ္စည်းအရောင်းဆိုင်များ၊
  • တစ်ဦးချင်းဆီ၏သုတ်ဆေးသုံးစွဲသူများ
 

၃။ UPG Rewards Program Member အဖြစ်အသိအမှတ်ပြုခြင်း

(က) UPG နှင့် ဆက်စပ်သည့်အထက်ပါပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းအလိုက်ပုဂ္ဂိုလ်အသီးသီးသည် ဤဆုချီးမြှင့်ရေးအစီအစဉ်တွင် Member အဖြစ်ပါ၀င်ဆောင်ရွက်ခွင့်ရှိသည်။

(ခ) Member အဖြစ် register ပြုလုပ်နိုင်ရန် အောက်ပါအစီအစဉ်ဖြင့်ဝင်ရောက်နိုင်မည်ဖြစ်သည်။
အောက်ပါဒီဇိုင်းပါရှိသည့် UPG Reward program App အား ဝင်ရောက်၍အသုံးပြုနိုင်စေရန်အတွက် အကောင့် တစ်ခုကိုဖန်တီးရန်လိုအပ်ပါသည်။

 
reward prog 01

Step-1: UPG Reward program Application အား Google Play Store မှ Download ရယူပါ။

Step-2: Member တစ်ဦးဖြစ်သည်အထိ အဆင့်ဆင့်ဝင်ရောက်ဖြည့်စွက်ပါ။
(Android user များအတွက်သာ)

 

(ဂ) Member အဖြစ်ပါ၀င်လိုသူများသည် UPG Reward Application ၏ Register Form တွင်ဖြည့်စွက်ပြီး နောက်ဆက်တွဲ အချက်အလက်များ (အမည်၊ မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ e-mail, Viber) တို့ကို ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်သည်။

(ဃ) လူကြီးမင်းသည် Reward App တွင် (Terms & Conditions) ကို ဖတ်ရူပြီးသဘောတူညီမှုရှိပါက “Agreed” / “သဘောတူသည်” အား အမှန်ခြစ်၍ဆက်လက်ပါဝင်နိုင်ပါမည်။

(င) Member အဖြစ်အသိအမှတ်ပြုခံရပါက အကျိုးခံစားခွင့်များအား စတင်ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။
သတိပြုရန် - Member registration ဝင်ရောက်သည့် တယ်လီဖုန်းနံပါတ်ကိုသာ Member ID မှတ်ပုံတင်ခြင်း အဖြစ် သတ်မှတ်ပါမည်။

 

၄။ UPG Reward Point များရရှိနိုင်မည့် Source လမ်းကြောင်းများ

 
reward prog 02
  • New Member မှတ်ပုံတင်ပြီး ပထမဦးဆုံး QR scan ဖတ်၍ Reward point စတင် ရယူစဉ်တွင် New Member Welcome Bonus Point ရရှိပါမည်။
 
reward prog 09
  • UPG ကုန်ပစ္စည်းများ၏ ဆေးပုံးအတွင်းတွင်သော်လည်းကောင်း၊ ဆေးပုံးပြင်ပတွင်သော်လည်းကောင်း Lucky draw QR Card (Reward Points) ပါရှိနိုင်သည်။
 
reward prog 10
  • ရောင်းအားမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်လျှင် Promotion Reward Point များ ရရှိနိုင်ပါမည်။
 
reward prog 05
  • ကုမ္ပဏီ၏ပွဲလမ်းများ၊ သင်တန်းများနှင့် လက်ဆောင်ကဒ်များဖြန့်ဝေ ရာတွင် Present Reward Points များ ရရှိနိုင်ပါမည်။
 

၅။ Scan QR Code for Reward Points

UPG ကုန်ပစ္စည်းများ၏ ဆေးပုံးအတွင်းတွင်သော်လည်းကောင်း၊ ဆေးပုံးပြင်ပတွင်သော်လည်းကောင်း Lucky draw QR Card (Reward Points) ပါရှိနိုင်သည်။ QR code ပါရှိသည့် ငွေရောင်ပြားများဖြစ်လျှင် ခဲခြစ်၍ကံစမ်းနိုင်ပါသည်။ QR Code အား scan ဖတ်လျှင် သို့မဟုတ် QR နံပါတ်ကို ရိုက်ထည့်ပါလျှင် Reward Point များ ရရှိပါမည်။

Reward Points scan ဖတ်သည့်လုပ်ငန်းစဉ်မှာ -

 
reward prog 09
  • Step-1 : UPG Reward Program Application ကိုဖွင့်၍ Log in ဝင်ပါ။ SMS မှ တဆင့် ပေးပို့သည့် OTP code အား ရိုက်သွင်း၍ ဝင်ရောက်ပါ။
  • Step-2 : ကံစမ်းမဲ QR code နှင့် နံပါတ်ပါသည့် ကံစမ်းမဲစာရွက်မှငွေရောင်ကို ခြစ်၍ ဖယ်ရှားပါ။
  • Step-3 : UPG Reward App ပါ QR Scanner ဖြင့် QR Code ကိုဖတ်ပါ။ QR Code ဖတ်ရန်အဆင်မပြေပါက QR Code နံပါတ်အားရိုက်သွင်းပါ။
  • Step-4 : Reward Point မည်မျှ ကံထူးမည်ကို App မှဖော်ပြပါမည်။

မှတ်ချက် - QR code ကို scan ဖတ်ခြင်း၊ နံပါတ်ရိုက်သွင်းခြင်းအား တစ်ကြိမ်သာလုပ်ဆောင်၍ရပါသည်။ တစ်ကြိမ်ထက် ပိုမိုသည့်လုပ်ဆောင်မှုအတွက် ခံစားခွင့်မရယူနိုင်ပါ။

 

၆။ MY ACCOUNT : UPG Reward Point ပွိုင့်များစုဆောင်းခြင်း

  • လူကြီးမင်းလက်ဝယ်ရှိ Lucky draw QR Card များကို UPG Reward Program Application တွင် Scan QR Code for Reward Points နည်းလမ်းစဉ်အဆင့်ဆင့် လုပ်ဆောင်ပြီးပါက Reward Point များရရှိပါမည်၊ ရရှိလာသည့် ပွိုင့်တို့ကို မိမိ၏ MY Account တွင် သိမ်းဆည်းထားနိုင်ပါသည်။
  • Reward Point Balance ကို မိမိ၏ Account Setting တွင်ကြည့်ရူနိုင်ပါသည်။
 

၇။ Redeem Your Reward Point လက်ဆောင် Reward item များ ထုတ်ယူခြင်း

  • Member များသည် လက်ဆောင်(Redeemable Item) ထုတ်ယူရန် စုဆောင်းထားသည့် UPG Reward Points များကို အသုံးပြုနိုင်သည်။
  • UPG Reward Point နှင့်ညီမျှသည့် လဲလှယ်နိုင်သောလက်ဆောင်များကို Application ၏ ‘Redeem’ Menuတွင် ကြည့်ရူနိုင်သည်။
  • ငွေသားရယူလိုပါက Application ထဲသို့ဝင်ရောက်၍ ငွေသားထုတ်ယူလိုခြင်း လမ်းညွှန်ချက်ပါအတိုင်း မိမိနှစ်သက်ရာ Wallet Pay(AYA Pay, Wave Pay ,KBZ Pay) တို့ အားဖြည့်စွက်၍ လဲလှယ်ရယူနိုင်ပါသည်။
  • Phone Bill Top up ရယူလိုပါက လမ်းညွှန်ချက်ပါအတိုင်း Reward Point များဖြင့် လဲလှယ်ရယူနိုင်ပါသည်။
  • လက်ဆောင်များနှင့်လဲလှယ်ပြီးပါက အသုံးပြုခဲ့သည့်ပွိုင့်စာရင်းအား Application History တွင်လည်းကောင်း၊ ပွိုင့်လက်ကျန်များကို Account Setting ထဲတွင်လည်းကောင်း ကြည့်ရူနိုင်ပါသည်။
  • Redeem Your Reward Point လက်ဆောင် Redeemable Item များ ထုတ်ယူခြင်းအတွက် မရှင်းလင်းသည့် အချက်များအတွက် Call Center Service Phone Numbers 01-2399000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 

၈။ ဆုကြေးရမှတ် (Rewards Point) နှင့်ဆုကြေးထုတ်ယူခြင်း လမ်းညွှန်ချက်


စဉ်အမျိုးအစားဆောင်ရွက်ရန်
(က) Mobile Wallet ငွေသား အသုံးပြုရမည့် ပွိုင့်အရေအတွက် ငွေသားဖြင့်လဲလှယ်လိုခြင်းအတွက်
  ကျပ် ၁၀,၀၀၀ ပွိုင့် ၁၀,၀၀၀ Step-1 : Account setting ၏ wallet transfer phone တွင် ငွေသားဖြင့် ရယူလိုသည့် ဖုန်းနံပါတ်ကို register ပြုလုပ်ပါ။
  ကျပ် ၃၀,၀၀၀ ပွိုင့် ၃၀,၀၀၀ Step-2 : SMS မှ OTP အား ရယူဖြည့်စွက်ပါ၊ Approved ပြုလုပ်ပါ။
  ကျပ် ၅၀,၀၀၀ ပွိုင့် ၅၀,၀၀၀ Step-3 : Redeem ကိုဖွင့်ပါ။
      Step-4 : အသုံးပြုလိုသည့် Wallet pay account ဖုန်းနံပါတ် အား မှန်ကန်မှုရှိမရှိပြန်စစ်ဆေးပါ၊
      Step-5 : လွှဲပြောင်းလိုသည့် ငွေသားတန်ဖိုးကိုရွေးချယ်ပါ။
      Step-6 : Confirm ပြုလုပ်ပါ၊။
      Step-7 : သင်၏ ငွေသားဆုလက်ဆောင် ရယူမှုလုပ်ငန်းစဉ် အောင်မြင်သွားပါပြီ။
ငွေလွှဲပြီးကြောင်း သင်၏ My Account - History တွင် စစ်ဆေးနိုင်ပါသည်။
Wallet transfer အတွက် ငွေထည့်ပေးသည့် လုပ်ငန်းစဉ်အား တစ်နေ့လျှင် (၂)ကြိမ် ဆောင်ရွက် မည် ဖြစ်ပါသည်။
ငွေလွှဲပြီးအလုပ်လုပ်ရက်(၃)ရက်(3 working days) အတွင်း အကြောင်းတစ်စုံတစ်ရာ ပြောကြားခြင်း မရှိပါက ငွေလွှဲလက်ခံရရှိသည်ဟု မှတ်ယူပါမည်။
 
စဉ်အမျိုးအစားဆောင်ရွက်ရန်
(ခ) Phone Bill Top Up အသုံးပြုရမည့် ပွိုင့်အရေအတွက် Phone Bill Top Up ရယူခြင်းအတွက်
  1000 MMK ပွိုင့် ၁,၀၀၀ Step-1 : Account setting ၏ mobile top up phone တွင် top up ရယူလိုသည့် ဖုန်းနံပါတ်အား register ပြုလုပ်ပါ။ မိမိနှစ်သက်ရာဖုန်းနံပါတ် (၃)လုံးအထိ ဖြည့်စွက်နိုင်ပါသည်။
  5000 MMK ပွိုင့် ၅,၀၀၀ Step-2 : SMS မှ OTP အား ရယူဖြည့်စွက်ပြီး Confirm ပြုလုပ်ပါ။
  10000 MMK ပွိုင့် ၁၀,၀၀၀ Step-3 : Redeem ကိုဖွင့်ပါ။
      Step-4 : Phone bill top up တွင် top up ပြုလုပ်လိုသည့် ဖုန်းနံပါတ်နှင့်တန်ဖိုးကိုရွေးချယ်အတည်ပြုပါ။
      Step-5 : သင်၏ Phone bill top up အောင်မြင်သွားပါပြီ။
Phone bill top up အား ၁၀မိနစ်အတွင်းဖြည့်ပေးပါမည်၊
Phone bill လက်ခံရရှိမှုအား သင်၏ My Account - History တွင် စစ်ဆေးပါ။
Phone bill ပေးပို့ပြီး အလုပ်လုပ်ရက်(၁)ရက် (1 working day) အတွင်း အကြောင်း တစ်စုံတစ်ရာပြောကြားခြင်း မရှိပါက Phone bill လက်ခံ ရရှိသည်ဟုမှတ်ယူပါမည်။

ငွေသားဖြင့်လဲလှယ်လိုခြင်းနှင့် Phone bill top up ဖြည့်သွင်းခြင်း လုပ်ငန်းစဉ်တို့အား 3rd Party ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ထားရှိပါသည်။

 

၉။ How to Verify MY ACCOUNT

  • Step-1 : UPG Reward App သို့ဝင်ရောက်ပါ၊ My Account ကိုဖွင့်ပါ။
  • Step-2 : လူကြီးမင်း၏ရရှိထားသည့်ပွိုင့်များ၏ Statement ကိုသိရှိပါလိမ့်မည်။
  • Earn Point တွင် ဖော်ပြထားသော Member များ၏ Reward Point လက်ကျန်ရှင်းတမ်း နှင့် စပ်လျဉ်း၍ ကွဲလွဲမှု အတွက် Reward Point စာရင်းထုတ်ပြန်သည့်နေ့မှ အထက်ဖော်ပြပါ ရက်များအတွင်း ငြင်းဆိုနိုင်ရန် ခွင့်ပြုထား ပါသည်။
  • အဆိုပါကာလ ကုန်ဆုံးလျှင် ယင်း Reward Point မှာ အတည်ဖြစ်သည်ဟု မှတ်ယူပါမည်။ တစ်စုံတစ်ရာကိစ္စအတွက် Call Center Service Phone Numbers 01-2399000 နံပါတ်သို့ဆက်သွယ်နိုင်ပါသည်။
 

၁၀။ Information for users

(က) About UPG Product

reward prog 07

www.upgpaint.com

https://www.facebook.com/upgpaint/

https://invite.viber.com/?g2=AQBU2wEQbm5mC0%2Bcqh859g3sOlOIPI1MdRwr9N7iLI5uGl%2B5Pj9Zf7VH%2B3mtYgqh&lang=en

UPG product များနှင့်သက်ဆိုင်သည့်အချက်အလက်တို့ကို ရှာဖွေနိုင်ပါသည်။

 

(ခ) Exclusive Promotions အထူးသီးသန့်ရောင်းအားမြှင့်တင်ခြင်း

  • နှစ်သစ်ကူးပွဲတော်များ
  • ရာသီအလိုက်ပွဲတော်များ
  • လစဉ်ရောင်းအားမြှင့်တင်ရေးအစီအစဉ်များ
 

(ဂ) UPG Color Bank

reward prog 08
 

၁၁။ UPG Reward Program အစီအစဉ် Member ဆိုင်ရာ အထွေထွေစည်းမျဉ်းသတ်မှတ်ချက်များ

(က) Member များသည် UPG Rewards Program ၏အစီအစဉ်အသီးသီးမှ ရရှိလာသည့် Point များကိုစုဆောင်း၍ ငွေသား/Phone bill လက်ဆောင်ဖြင့် လဲလှယ်ပြီးခံစားခွင့်များကို ရယူနိုင်သည်။

(ခ) Member များသည် မိမိတို့၏ Member ID ကို အခြားသူ တစ်ဦးတစ်ယောက်သို့လွှဲပြောင်းခွင့်မရှိပါ။ ကုမ္ပဏီ/အဖွဲ့အစည်းဖြစ်လျှင် Member ID ကို ကိုယ်စားပြုသူမှ သုံးစွဲ နိုင်သည်။ ကုမ္ပဏီ/ အဖွဲ့အစည်းဖြစ်ပါက သုံးစွဲသူများအချင်းချင်းလျှို့ဝှက်စွာ ဝင်ရောက်သုံးစွဲရမည်။

(ဂ) Member တစ်ဦးသည် Point လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်းတို့တွင် တစ်စုံတစ်ရာနစ်နာဆုံးရှုံးမှု ရှိခဲ့လျှင် UPG တွင် တာဝန်ရှိမည် မဟုတ်ပါ။

(ဃ) Reward Point ဆုများထုတ်ပေးခြင်းဆိုင်ရာ ကုမ္ပဏီ၏လုပ်ထုံးလုပ်နည်းများသည် အခါအားလျော်စွာ ပြောင်းလဲနိုင်မည် ဖြစ်သည်။

(င) UPG Reward Application အသုံးပြုနေသော ဖုန်း ပျောက်ဆုံးခြင်း၊ ပြင်ဆင်ရန်အတွက် ဆိုင်ပေးပို့ခြင်း၊ အခြား သူမှယူဆောင်သွားခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် application အသုံးပြုရန်အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက Call Center Service သို့အကြောင်းကြားပေးရပါမည်။
Member ၏ account အား lock ချပေးခြင်း၊ ခတ္တပိတ်သိမ်းပေးခြင်းများ ဆောင်ရွက်ပေးပါမည်။

 

၁၂။ Termination (ရပ်စဲခြင်း)

(က) Member တစ်ဦးသည် လုံခြုံမှုဆိုင်ရာ နှင့် သတ်မှတ်ချက်များကိုချိုးဖောက်ခဲ့လျှင် UPG Rewards Program Member အဖြစ်မှ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

(ခ) Member အဖြစ်မှ ရပ်ဆိုင်း/ရုပ်သိမ်းပါက ကျန်ရှိသည့် UPG Reward Points များကို အသုံးပြုနိုင်ခွင့်အပေါ် ကုမ္ပဏီ၏အဆုံးအဖြတ်သည် အတည်ဖြစ်သည်။

 

၁၃။ လုံခြုံရေးဆိုင်ရာ

UPG Reward Program တွင်ဖွင့်သော လူကြီးမင်း၏ မည်သည့်အကောင့်မဆို လူကြီးမင်း၏ကိုယ်ပိုင်ဖြစ်ပြီး လက်ဝယ်ပိုင်ဆိုင်သောပွိုင့်များအား အသုံးပြုရန် အခြားသူတစ်ဦးအားခွင့်ပြုခြင်းအပေါ် လုံခြုံရေးဆိုင်ရာကိစ္စ သည် လူကြီးမင်း၏တာဝန်ဖြစ်သည်။

UPG Reward Program Application အတွင်း အသုံးပြုသော လူကြီးမင်း၏ အကောင့်အမည်၊ အသုံးပြုသူ ID နှင့် အခြားသော အထောက်အထားများသည် လူကြီးမင်း၏ပိုင်ဆိုင်မှုများဖြစ်ပြီး လူကြီးမင်း၏ အကောင့် အား ကျွန်ုပ်တို့သည် စည်းကမ်းမညီညွတ်သဖြင့် ဆိုင်းငံ့သည်မှအပ လူကြီးမင်းထံမှ ညွှန်ကြားမှုတစ်စုံတစ်ရာ မရှိလျှင် မည်သည့် အကြောင်းအရာဖြင့်မဆို ဆိုင်းငံ့လိုက်သည် သို့မဟုတ် ပိတ်ပင်လိုက်သည် ဟူ၍ မရှိဘဲ လူကြီးမင်းမှသာ တာဝန်ယူ အသုံးပြုရန်ဖြစ်ပါသည်။

လူကြီးမင်းသည် အောက်ဖော်ပြပါတို့အတွက် တာဝန်ရှိပါသည်-

(က) လူကြီးမင်း၏ အကောင့်နှင့် UPG Reward App သို့ ဝင်ရောက်ရန် အသုံးပြုသော အချက်အလက်များ အပါအဝင် လူကြီးမင်းအကောင့်၏အသေးစိတ်အချက်အလက်များ ဘေးကင်းစေရန်နှင့်လူကြီးမင်း၏ အကောင့်ဖြင့် လုပ်ဆောင်သော အချက်အလက်ပြောင်းလဲမှုများ နှင့် လူကြီးမင်း၏အကောင့်ဖြင့် UPG Reward Point အသုံးပြုမှုများအားလုံး၊

(ခ) လူကြီးမင်း၏ အကောင့် ထိပါးခံထားရသည်ဟု သိရှိပါက info@upgpaint.com သို့မဟုတ် Call Centre ကျွန်ုပ်တို့အား ချက်ချင်း အသိပေး အကြောင်းကြားရမည်ဖြစ်သည်။ လူကြီးမင်း၏အကောင့် ထိပါးခံရခြင်း နှင့် စပ်လျဉ်းသည့် တရားဝင်၊ ချက်ချင်းပေးပို့သော အသိပေးချက်ကို ကျွန်ုပ်တို့ရရှိသည့်အခါမှ လွဲ၍ ကျွန်ုပ်တို့ သည် UPG Reward App ရှိ လူကြီးမင်း၏အကောင့်အသုံးပြုမှုများ အားလုံးကို သင်(လူကြီးမင်း) ဟု မှတ်ယူမည်ဖြစ်သည်။ လူကြီးမင်းတစ်ဦးတည်းထံတွင်သာ တာဝန်ရှိပါသည်။(ခ) လူကြီးမင်း၏ အကောင့် ထိပါးခံထားရသည်ဟု သိရှိပါက info@upgpaint.com သို့မဟုတ် Call Centre ကျွန်ုပ်တို့အား ချက်ချင်း အသိပေး အကြောင်းကြားရမည်ဖြစ်သည်။ လူကြီးမင်း၏အကောင့် ထိပါးခံရခြင်း နှင့် စပ်လျဉ်းသည့် တရားဝင်၊ ချက်ချင်းပေးပို့သော အသိပေးချက်ကို ကျွန်ုပ်တို့ရရှိသည့်အခါမှ လွဲ၍ ကျွန်ုပ်တို့ သည် UPG Reward App ရှိ လူကြီးမင်း၏အကောင့်အသုံးပြုမှုများ အားလုံးကို သင်(လူကြီးမင်း) ဟု မှတ်ယူမည်ဖြစ်သည်။ လူကြီးမင်းတစ်ဦးတည်းထံတွင်သာ တာဝန်ရှိပါသည်။

(ဂ) လူကြီးမင်း၏ ပြင်ပဆော့ဖ်ဝဲလ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုတစ်စုံ တစ်ရာအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်း၊ တာဝန်ယူမည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သား ထားစေလိုပါသည်။

(ဃ) လုံခြုံမှုဆိုင်ရာအကြောင်းအရာတို့နှင့်ပတ်သက်၍ မည်သည့် ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်း သို့မဟုတ် တာဝန်ယူဆောင်ရွက်ပေးခြင်းကို ပြုလုပ်မပေးပါ။

(င) ကျွန်ုပ်တို့သည် လူကြီးမင်း၏အကြောင်းအရာအချက်အလက်တို့အား မည်သည့်ပြင်ပအဖွဲ့အစည်းထံသို့မျှ ရောင်းချမည် မဟုတ်ပါ။

 

၁၄။ ဤစည်းမျဉ်းများကိုအရင်းခံ၍ ဖြစ်ပေါ်လာသော မည်သည့်အငြင်းပွားမှု သို့မဟုတ် တောင်းဆိုချက်ကိုမဆို မြန်မာနိုင်ငံ၏ ဥပဒေအတိုင်း စိုးမိုးအုပ်ချုပ်မည်ဖြစ်သည်။ ထို့အပြင် သက်ဆိုင်၍ ဖြစ်ပေါ်လာသော မည်သည့်အငြင်းပွားမှု သို့မဟုတ် မကျေနပ်မှု သို့မဟုတ် တောင်းဆိုချက်ကိုမဆို ခုံသမာဓိဖြင့် စီရင် ဆုံးဖြတ်ရေးဆင့်ခေါ်စာ တင်သွင်းလာသောအခါ တရားဝင် မြန်မာနိုင်ငံ Myanmar Arbitration Centre မြန်မာအနုညာတစင်တာ ခုံသမာဓိဌာန၏ စီရင်ဆုံးဖြတ်ရေး စည်းမျဉ်းများအရ အပြီးသတ်ဆုံးဖြတ်မည်ဖြစ်သည်။ ခုံသမာဓိအာဏာပိုင်သည် Myanmar Arbitration Centre မြန်မာ အနုညာတစင်တာ၏ သမာဓိခုံရုံး ဖြစ်သည်။

 

၁၅။ ဝန်ဆောင်မှုများ

အသုံးပြုမှုအတွက် ကျိုးကြောင်းဆီလျော်သော စောင့်ရှောက်မှုနှင့် ကျွမ်းကျင်မှုကို ကူညီထောက်ပံ့ပေးမည်ဟု ကျွန်ုပ်တို့ အာမခံပါသည်။

ကျေးဇူးတင်ပါသည် . . .
Marketing & Sales Department
UPG Paint & Coating Co., Ltd.



No. 237, Pyay Road, Shin Saw Pu Ward,
Sanchaung Township, Yangon, Myanmar.
 
+95 9 880 579 425, +95 9 880 579 426,
+95 9 773 154 590, +95 9 963 443 943,
+959 960 840 144
 
info@upgpaint.com
 
Facebook (Home)
Facebook (For Projects)
Instagram